
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးအေးသာအောင် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ရခိုင် /ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/ပဇတ(နိုင်) ၀၂၆၃၂၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၀-၁၂-၁၉၄၅ / (၇၃) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | မြောက်ပိုင်းရပ်၊ မြေပုံမြို့၊ ရခိုင်ပြည်နယ် |
| ၈။ | ပညာအရည်အချင်း | - | High School Final(အောင်) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အငှားယာဉ်လုပ်ငန်း၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးအောင်ထွန်းဇံ(ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်အေးမြိုင်(ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သိန်းယဉ်ချေ၊ ၁၂/ပဇတ(နိုင်) ၃၇၆၈၃၊ ဆိုင်ရောင်း |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ( ၁) မောင်အောင်ဒင်(သားကြီး)၊ ၁၂/ပဇတ(နိုင်) ၀၂၆၃၅၃၊ ကားအငှားယာဉ်လုပ်ငန်း (၂ ) မောင်အောင်ကျော်သိန်း(သားငယ်)၊ ၁၂/ပဇတ(နိုင်) ၀၀၀၇၁၃၊ NGO |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၃၇၃၊ အောက်ပုဇွန်တောင်လမ်း၊ (၃)ရပ်ကွက်၊ ပုဇွန်တောင် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | (ယခင်)ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ယခု)ရခိုင်အမျိုးသားပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၆) |
ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာအမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့ပါသည်။ အငှားယာဉ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ ၁၉၆၉ ခုနှစ် UNLD ခေါ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ အဖွဲ့ ချုပ်တွင် အတွင်းရေးမှူးတာဝန်၊ ၁၉၉၈ ခုနှစ်တွင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ်နှင့် ၂၀၁၂ ခုနှစ်တွင် UNA ပြည်ထောင်စုတိုင်းရင်းသားမဟာမိတ်အဖွဲ့တွင် သဘာပတိ၊ ရခိုင်အမျိုးသား ပါတီတွင် ဗဟိုအလုပ်အမှုဆောင်တာဝန်များကို ထမ်းဆောင် လျက်ရှိပါသည်။ ၂၀၀၀ပြည့်နှစ်တွင် ပြစ်ဒဏ်(၂၁) ဖမ်းဆီးထိန်းသိမ်းချမှတ်ခြင်းခံရ ပါသည်။