အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jan Hornik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၀.၂.၂၀၂၀)ရက်နေ့ ၁၅၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20)၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ပြည့်သူ့ငွေစာရင်းကော်မတီဝင် နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။