ဒုတိယအကြိမ်လွှတ်တော်များရဲ့ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကြွရောက်လာကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်၊
ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်အခါသမယမှာ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ ဆန္ဒကိုလည်း အများစုက လေးလေးစားစား စဉ်းစားပေးရမည်ဖြစ်သကဲ့သို့ အများဆန္ဒကိုအခြေခံကာ အများအကျိုးနှင့်ယှဉ်ပါက မိမိအကျိုးစီးပွားကို အထိပါးခံနိုင်သည့် မွန်မြတ်သောစနစ်သာ ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မင်္ဂလာရှိတဲ့နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်
ဒုတိယအကြိမ်လွှတ်တော်များ၏ (၃) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားသို့ ကြွရောက်လာပါသော နိုင်ငံတော်၏သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတော်တရားလွှတ်တော်ချုပ် တရားသူကြီး၊
ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ယနေ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သို့ သဝဏ်လွှာများပေးပို့ကြပါသော နိုင်ငံတော်သမ္မတ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် စာတမ်းများဖတ်ကြားပေးကြသော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများ၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအပြည့်အစုံမှာ