နေပြည်တော်၊ ဇူလိုင် ၂၇
အမျိုးသားလွှတ်တော်၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကို (၂၇-၇-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီသည် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဝန်ကြီးဌာနက စီမံခန့်ခွဲသော ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများအကြောင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးမနာမ်တူးဂျာနှင့် အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။