Share this

အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား (၅/၂၀၂၆) နှင့် ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ခြင်း အခမ်းအနား

လှုပ်ရှားမှုများ

နေပြည်တော်၊ သြဂုတ်  ၇

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ အမျိုးသားလွှတ်တော် J ဆောင်၌ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား (၅/၂၀၂၆) နှင့် ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ခြင်းအခမ်းအနားကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နှင့်  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်(ခ) ဦးနော်တောင် တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ရုံးဝန်ထမ်းများနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ(၅/၂၀၂၆) အခမ်းအနားကို ဆက်လက်ကျင်းပပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ဝန်ထမ်းများအား ပေါ်ဆန်းမွှေးဆန် (၆)ပြည်အိတ် (၁) အိတ်နှင့် ပဲဆီ(၅၀)သား (၁)ဗူး ပေးအပ်ခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။