နေပြည်တော် ဩဂုတ် ၁၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် ဝိုင်းမော်မြို့နယ်အခြေစိုက် လော်ဝေါ်စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းနာယက ဦးဘီထောဇောင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းသိမ်းထားရှိမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။