Share this

အမျိုးသားလွှတ်တော် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

ကော်မတီ အစည်းအဝေး

နေပြည်တော် ဇူလိုင် ၂၃

အမျိုးသားလွှတ်တော်၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးနှင့် တက်ရောက်လာသော ကော်မတီဝင်များက ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတို့နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။