နေပြည်တော်၊ ဇူလိုင် ၂၃
အမျိုးသားလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက် (ကြာသပတေးနေ့) နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-16) အပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီမှလေ့လာစိစစ်ရမည့်ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်အောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။