Share this

အမျိုးသားလွှတ်တော်၊အစိုးရ၏အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၆)ကျင်းပ

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၂၀

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)ကို ၂၀-၇-၂၀၂၆ ရက်နေ့ (၁၅:၄၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ကော်မတီ၏ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ကော်မတီဥက္ကဋ္ဌက အမျိုးသားလွှတ်တော်၊ ဥပဒေပြုဌာနကြီးမှပေးပို့လာသည့် ကော်မတီက စိစစ်ရမည့် ဥပဒေ(၁၈)ခုနှင့်စပ်လျဉ်း၍ အဖွဲ့အလိုက် စိစစ်ဆောင်ရွက်ရမည့် ဥပဒေများအား တာဝန်ခွဲဝေသတ်မှတ်အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို (၁၆:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မတီဝင်များနှင့် ကော်မတီရုံးမှ တာဝန်ရှိသူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။