နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမအဆောင်၌ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဆောင်သည့် လေ့လာရေးကိုယ်စားလှယ်များ အဖွဲ့အား တွေ့ဆုံသည်။
ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် လွှတ်တော်အစည်းအဝေးကျင်းပနေမှု၊ တိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်ဆင်ဆင်ယင်ထားသည့်အရုပ်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းပြကွက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ထိုင်ခုံနေရာချထားမှုပြပုံစံနှင့် အမျိုးသားလွှတ်တော်စာကြည့်တိုက်တို့ကို လေ့လာကြည့်ရှုခဲ့ကြပါသည်။