နေပြည်တော်၊ ဇွန် (၁၁)
အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၁-၆-၂၀၂၆) ရက်နေ့ (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးက လုပ်ငန်းနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ ယင်းနောက် ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မတီဝင်များနှင့် ကော်မတီရုံးမှ တာဝန်ရှိသူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)