Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် ပညာရေးဝန်ကြီးဌာနနှင့် INGOs အဖွဲ့အစည်းမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၂၁

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် (၂၁-၇-၂၀၂၆) ရက်၊ အင်္ဂါနေ့၊(၁၄:၀၀)နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့်နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းမှတာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်မီမီကျော်ထွန်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးစောညွန့်ခိုင်၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးစမ်းနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။