Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၂၁

အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၂၁-၇-၂၀၂၆ ရက်(အင်္ဂါနေ့)၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ‌ရေးရာဆောင်အမှတ်(I-14) အပေါ်ထပ်၊ အစည်းအဝေးခန်းမ၌ မိတ်ဆက်တွေ့ဆုံအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီ၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွှတ်‌တော်နှင့် အစိုးရယန္တရားအကြား အပြန်အလှန်နားလည်မှုရှိစေရန်၊ ကော်မတီ၏ လုပ်ငန်းစဉ်ရည်ရွယ်ချက်များကို ရှင်းလင်းအသိပေးရန်နှင့်ရှေ့ဆက်လက်တွဲဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်လင်း၊ အတွင်းရေးမှူး ဒေါက်တာအမ်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာရဲမင်းထွေးနှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို    ( ၁၆:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။