နေပြည်တော် ဇွန် ၂၉
အမျိုးသားလွှတ်တော်သို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ လာရောက်လေ့လာခြင်း
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့၊ (၂၉.၆.၂၀၂၆)ရက်နေ့ လွှတ်တော်အစည်းအဝေးကျင်းပနေမှုကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးစီး(၉)ဦးတို့သည် ကြည့်ရှုလေ့လာခဲ့ပြီး တိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်ဆင်ဆင်ယင်ထားသည့်အရုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပြကွက်များကို လေ့လာကြည့်ရှုခဲ့ကြပါသည်။