Skip to main content
အစည်းအဝေး
ပုံမှန်အစည်းအဝေး
အထူးအစည်းအဝေး
အရေးပေါ် အစည်းအဝေး
ဥပဒေများ
အမျိုးသားလွှတ်တော် ဥပဒေ/ နည်းဥပဒေ
ပြဋ္ဌာန်းပြီး ဥပဒေများ
ဥပဒေကြမ်းများ
ကော်မတီ/ ကော်မရှင်
ကော်မတီများ
ကော်မရှင်/ အဖွဲ့
ကိုယ်စားလှယ်
ဥက္ကဋ္ဌ/ ဒုဥက္ကဋ္ဌများ
တပ်မတော်သား
တိုင်းဒေသကြီးနှင့် ပြည်နယ်
နိုင်ငံတကာဆက်ဆံရေး
ချစ်ကြည်ရေးအသင်း
ပြည်ပခရီးစဉ်များ
သတင်းနှင့်ပြန်ကြားရေး
မိန့်ခွန်းများ
ဓာတ်ပုံများ
ဗီဒီယိုများ
Search form
Search
MoFR briefs Amyotha Hluttaw representatives on budgeting & tax reforms
Proposal urged to govt to amend certain sections of Farmland Rules
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေး
MoE makes presentation at capacity-building training for MPs
လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ရှင်းလင်းတင်ပြ
ကြယ်ပွင့်ပြမေးခွန်းများ
မူလစာမျက်နှာ
ကြယ်ပွင့်ပြမေးခွန်းများ
28
Dec
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်များအတွင်း တည်ရှိသော တကောင်းနီကယ်သတ္တုသိုက်အား ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေခံစားသည့် စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြု ထားသော Myanmar CNMC Nickel Co.,Ltd သည် ဖယ်ရိုနီကယ် ထုတ်လုပ်ရာတွင် စာချုပ်ပါစည်းကမ်းချက်များအား လိုက်နာခြင်း ရှိ/မရှိ နှင့် အကျိုးအမြတ်အား မည်သို့ခွဲဝေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၌ လက်ရှိ ဖွဲ့စည်းပုံအင်အားဖြင့် မလုံလောက်ပါသဖြင့် ဖွဲ့စည်းပုံအင်အားပြည့်သည် အထိ တိုးမြှင့်ခန်းထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ မိုင်းမောမြို့နယ် မိုင်းမော- ကလုံပါ- မွတ်လေး လမ်းပိုင်းမှ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတား များကို မည်သည့်အစီအစဉ်မျိုးဖြင့် ပြန်လည်ပြုပြင်ပေးပြီး မည်သည့် အချိန်ကာလတွင် အပြီးသတ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
မြန်မာနိုင်ငံအဝှမ်းရှိ ချောင်း၊ မြောင်း၊ အင်းအိုင်၊ မြစ်ကမ်းနား၊ ပင်လယ် ကမ်းခြေ၊ မြစ်ဝကျွန်းပေါ် ရေလမ်းခရီး အသုံးပြုရာဒေသအတွင်းရှိ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများ စသည့် ပညာရေးလုပ်သား တို့အတွက် အသက်ကယ်အင်္ကျီများကို လိုအပ်မှုအဆင့်(က)၊ (ခ)၊ (ဂ) ဦးစားပေးခွဲခြား၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်နှစ်စတွင် ထုတ်ပေးပြီး နှစ်ဆုံးတွင်ပြန်လည်အပ်နှံခြင်း စသည်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရကျောင်းများမှ မူလတန်းကျောင်းအုပ်များ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရေးကိစ္စ မည်သို့စီမံသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း
28
Dec
ချင်းပြည်နယ်၊ မတူပီမြို့တွင် မကြာခဏလိုင်းပျက်နေသော အော်တို အိတ်ချိန်းဖုန်းလိုင်းကို စက်ကိရိယာအသစ်လဲလှယ်၍ ပြန်လည်တပ်ဆင် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း GDP လျာထားချက်အရ ၇.၂ % တိုးတက်ရန် ဖြစ်ပြီး ယင်းမျှော်လင့်ချက်များ ပိုမိုပေါက်မြောက်အောင်မြင်စေရန်အတွက် မြန်မာအမျိုးသမီးများကို နိုင်ငံတကာ ပင်လယ်ရေကြောင်းလောကတွင် အမျိုးသမီးသင်္ဘောသားများ (Seafarers) အဖြစ်လည်းကောင်း၊ ခရီးသည်တင် သင်္ဘောများတွင် ပိုမို၍ အလုပ်အကိုင်အခွင့်အလမ်းရစေရန်အတွက် လည်းကောင်း၊ တရားဝင်လုပ်ကိုင်ခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ လုပ်ငန်းဆိုင်ရာလက်မှတ်များထုတ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခြင်းနှင့် နိုင်ငံတကာရှိ သင်္ဘောကုမ္ပဏီ များနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
မြန်မာနိုင်ငံအတွင်း လက်ကိုင်ဖုန်း၊ ဖေ့စ်ဘွတ်(FB)မှတစ်ဆင့် ကြော်ငြာ စည်းရုံးပြီး ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက် ဝင်ရောက်လာသည့် လောင်းကစားနည်းတစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း(ခ)Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေများကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါ လောင်းကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
မြန်မာနိုင်ငံ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်း ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုစနစ်များကို သတင်းအချက်အလက် ပေါက်ကြားမှုနှင့် ဆိုက်ဘာတိုက်ခိုက်ခံရမှုများမရှိဘဲ ပြည်သူအများ စိတ်ချ လုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် ခိုင်မာသော နည်းပညာလုံခြုံရေး အစီအမံ များ ဆောင်ရွက်ထားရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားထိန်းသိမ်း စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
28
Dec
အသက်(၇၀)နှစ်ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစား သက်ကြီးရွယ်အို ပင်စင်စားများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲပင်စင် အပြီးပြတ်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
« first
‹ previous
1
2
3
4
5
6
7
8
9
next ›
last »