Skip to main content
အစည်းအဝေး
ပုံမှန်အစည်းအဝေး
အထူးအစည်းအဝေး
အရေးပေါ် အစည်းအဝေး
ဥပဒေများ
အမျိုးသားလွှတ်တော် ဥပဒေ/ နည်းဥပဒေ
ပြဋ္ဌာန်းပြီး ဥပဒေများ
ဥပဒေကြမ်းများ
ကော်မတီ/ ကော်မရှင်
ကော်မတီများ
ကော်မရှင်/ အဖွဲ့
ကိုယ်စားလှယ်
ဥက္ကဋ္ဌ/ ဒုဥက္ကဋ္ဌများ
တပ်မတော်သား
တိုင်းဒေသကြီးနှင့် ပြည်နယ်
နိုင်ငံတကာဆက်ဆံရေး
ချစ်ကြည်ရေးအသင်း
ပြည်ပခရီးစဉ်များ
သတင်းနှင့်ပြန်ကြားရေး
မိန့်ခွန်းများ
ဓာတ်ပုံများ
ဗီဒီယိုများ
Search form
Search
MoFR briefs Amyotha Hluttaw representatives on budgeting & tax reforms
Proposal urged to govt to amend certain sections of Farmland Rules
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေး
MoE makes presentation at capacity-building training for MPs
လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ရှင်းလင်းတင်ပြ
(၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး
မူလစာမျက်နှာ
(၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး
11
May
ကမ္ဘာတစ်လွှား၌ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်ရေးသမားများ က ပြည်သူများ စုဝေးရာနေရာများ၌ အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကြေပျက်စီးရသည့် ဖြစ်ရပ်များ ပေါ်ပေါက်နေသဖြင့် ထိုသို့ အစွန်းရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုသည့်စနစ်နှင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
ဖားကန့်ဒေသရှိ ငွေစည်ဟိန်း ကျောက်မျက်ကုမ္ပဏီပိုင် လုပ်ကွက် အတွင်းမှ ခိုးယူတူးဖော်ရရှိခဲ့သော အချင်းဖြစ်ကျောက်အား နိုင်ငံတော် (သို့မဟုတ်) တွင်းပိုင်ရှင် (သို့မဟုတ်) အခွန်ပေးဆောင်ထားသူတို့အနက် မည်သူပိုင်ဆိုင် သင့်သည်ကို ဆုံးဖြတ်ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့က သက်ဆိုင်ရာတရားရုံးသို့ အမှုဖွင့်လွှဲပြောင်းပေးရန် သင့်/မသင့်၊ မသင့်ပါက မည်သည့်အတွက်ကြောင့် လွှဲပြောင်းပေးရန် မသင့်ကြောင်းနှင့် ကော်မတီ၏ လေ့လာတွေ့ရှိချက်အရ အချင်းဖြစ်ကျောက်အား ဝန်ကြီးဌာနက သိမ်းဆည်းထားသည်မှာ (၂)နှစ်ကျော်ခန့်ရှိနေပြီး ပြည်ထဲရေးဝန်ကြီး ဌာနကလည်း ယင်းအမှုကို တစ်နှစ်ကျော်ကြာ ပညာရှင်များဖြင့် စစ်ဆေး၍ အစီရင်ခံခဲ့ပြီးဖြစ်ရာ သတ္တုတွင်း ဝန်ကြီးဌာနအနေဖြင့် ယခုလွှတ်တော်သက်တမ်းအတွင်း ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
မတူပီမြို့နယ်၊ လိုင်းလင်းပီကျေးရွာအား မြို့အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
မတူပီမြို့နယ်၊ ရေဇွာမြို့တွင် အားကစားရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
ဖလမ်းမြို့နယ်၊ ဗာရ်တံတားအထက်မှ ရေအားလျှပ်စစ်တည်ဆောက်ပြီး ထွက်ရှိလာမည့် ဓာတ်အားမဂ္ဂါဝပ်(၃၀)ကို ကျေးလက်ဒေသများသို့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
ကလေး- သိုင်ငင်း- ဖလမ်းကားလမ်း မိုင်တိုင် ၄၄/၃ မှ လက်ဝဲဘက်သို့ ကားလမ်းသစ် ဖောက်လုပ်ပြီး ဇောင်လဲရွာတွင် ပြန်လည်ပေါင်းစည်းကာ အဆင်းလမ်းအဖြစ် အသုံးပြုရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆော-လောင်းရှည်- စေတုတ္တရာ လမ်းဖောက်လုပ်ရာတွင် နှစ်ပေါင်းများစွာ ဓားမဦးချ လုပ်ကိုင်ခဲ့သော လယ်ယာမြေများ ပျက်စီးဆုံးရှုံးနစ်နာရခြင်းအတွက် ဥပဒေအရ ထိုက်သင့်သော လျော်ကြေးပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
မတူပီမြို့နယ် ဆတ်တူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
ချင်းပြည်နယ်၏ (၃) နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းအနည်းဆုံး အဆင့်အတန်းသို့ ကျဆင်းသည့်ကိစ္စကို တာဝန်ရှိ ပြည်နယ်ပညာရေးဌာနမှ လေ့လာသုံးသပ် အဖြေရှာ အရေးယူဆောင်ရွက်ထားမှု ရှိ/ မရှိကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
11
May
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒေသတွင် မြို့နယ်များရှိ သစ်တောကြိုးဝိုင်းအတွင်း နှစ်အတန်ကြာကတည်းက စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူများ၏ လယ်မြေများအား သစ်တောမြေအဖြစ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပယ်ဖျက်ပေးသွားမည့် အခြေအနေကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
« first
‹ previous
1
2
3
4
5
6
7
8
9
next ›
last »