အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ သမဝါယမဦးစီးဌာနနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၅.၆.၂၀၁၈)ရက်နေ့ (၁၂၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-15)အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။ ဆွေးနွေးပွဲတွင် သမါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ကော်မတီဝင်များမှမေးမြန်းဆွေးနွေးခဲ့ရာ ၎င်းဌာနညွှန်ကြားရေးမှူးချုပ်က မေးမြန်းဆွေးနွေးချက် များအပေါ် Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး(၂)ဦးတို့ တက်ရောက်ခဲ့ကာ အစည်းအဝေးကို (၁၆၂၅)နာရီတွင် ရုပ်သိမ်းပါသည်။