အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၎င်းဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁.၅.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများက ဒေသအသီးသီးတွင် ၎င်းတို့၏ ကူညီထောက်ပံ့ပေးနေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ရံပုံငွေရရှိမှုအခြေအနေများနှင့် စပ်လျဉ်းပြီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၇၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။