Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Monday, August 13, 2018 - 15:31
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၃.၈.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဇဝနမှ ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှုဆိုင်ရာ သွားရောက်စောင့်ကြည့်လေ့လာခဲ့မှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၄၀၀)နာရီတွင် ရုပ်သိမ်းပါသည်။