Share this

၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၈.၆.၂၀၁၈)

Tuesday, June 19, 2018 - 14:57
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ရက်

( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက် )

[တနင်္လာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

     (က)   ဦးလှမြင့်() ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုနေ ယခင် စစ်တောင်းစက္ကူစက် ဝန်ထမ်းဟောင်းများဖြစ်သည့် ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီက (၃၀-၁၁-၂၀၁၇) ရက်နေ့တွင် ()လစာပေး၍ အလုပ်မှ အနားယူစေခြင်းခံရသည့် ဝန်ထမ်း(၄၇၆)ဦးနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိ လိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ဝန်ထမ်း(၄၇၆)ဦးအနက် သက်ပြည့်ပင်စင်()ဦး၊ ကုမ္ပဏီဝန်ထမ်း()ဦး ပေါင်း()ဦး မှအပ ကျန်(၄၇၃)ဦးအား အလုပ်ရပ်စဲ ခြင်းအတွက် နစ်နာကြေးများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နစ်နာကြေး ()လစာ ထုတ်ပေး ခဲ့ရာ (၁၇၄)ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ စက္ကူစက်ရုံ(စစ်တောင်း) ရုံးခန်းတွင် နစ်နာကြေးများလာရောက်ထုတ်ယူခဲ့ပြီး  တည်ဆဲအလုပ်သမား ဥပဒေများအရ အလုပ်ရပ်စဲနစ်နာကြေး()လစာပေးပြီးဖြစ်သဖြင့် သီးခြား ဆောင်ရွက်ပေးမှု မရှိသော်လည်း အဆိုပါစက်ရုံတွင် စက်မှုနယ်မြေအဖြစ် ထူထောင်ရန် စိတ်ဝင်စား သော ဟင်္သာဧကရီ ကုမ္ပဏီ၊ ကိုရီးယားနိုင်ငံ Korea Industrial Complex (KIC) Co., Ltd. ဂျပန်နိုင်ငံ YAZAKI Co., Ltd. Nankai Electrical Power Co., Ltd နှင့် သန်းထိုက်လူကုမ္ပဏီတို့မှ ကွင်းဆင်းလေ့လာပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်း ဖြေကြားသည်။

     ()    ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ အထက်ဘလိုင်အုပ်စု၊ ဘဲဒင်ဝကျေးရွာနှင့် ခအုန်ဝ ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းကို  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စတင်၍ အပိုင်းအလိုက်၊ ဦးစားပေးအလိုက် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး  ရန်ပုံငွေ ခွင့်ပြုမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

()    ဦးထွန်းထွန်းဦး၊မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()    မြန်မာနိုင်ငံ တွင် ၂၀၁၁ ခုနှစ် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေနှင့်   ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေး ဥပဒေတို့မှ ကင်းလွတ်နေသော ပြင်ပပုဂ္ဂလိက ပညာရေးကျောင်း များဖြစ်သည့် စာရင်းကိုင်သင်တန်း ကျောင်း၊ ကွန်ပျူတာသင်တန်းကျောင်း၊ IT Business Leadership  အစရှိသည့် သင်တန်းကျောင်းများအား စနစ်တကျ စိစစ်ကြပ်မတ်ရန်၊ သင်ကြားရေး ဆိုင်ရာ စံချိန်စံညွှန်းများအား သတ်မှတ်ထိန်းသိမ်း ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများ ရရှိနိုင်စေရန် စီမံ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဦးမောင်မောင်ဝင်းက ပညာရေး ဝန်ကြီးဌာန၏ဖြေဆိုချက်နှင့် ပေါင်းစပ် ညှိနှိုင်းဖြေကြားမည်ဖြစ်ပြီး ပညာရေးဝန်ကြီး ဌာနအနေဖြင့်  နည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးဥပဒေနှင့် ပုဂ္ဂလိကကျောင်း ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် သင်တန်းကျောင်းအပေါ်  ပညာရေးဝန်ကြီးဌာနမှ စိစစ်ကြပ်မတ် စီမံ ဆောင်ရွက် ပေးခြင်းများမရှိပါကြောင်း၊ ထိုက်သင့်သည့် အခွန်အခများ ရရှိနိုင်စေရန် စီမံဆောင်ရွက် ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ ဝင်ငွေခွန်အနေဖြင့် တစ်ဦးချင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါက သတ်မှတ်ထားသည့် သက်သာခွင့်များခုနှိမ်ပြီး ကျန်ငွေအပေါ် ()%မှ (၂၅)%အထိ ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပြီး ကုမ္ပဏီတည် ထောင်၍ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပါက စုစုပေါင်းအသားတင်အမြတ်ငွေအပေါ်  (၂၅)% ဝင်ငွေခွန်စည်းကြပ်မည်ဖြစ်ကြောင်း၊ ကျောင်းများတည်ထောင်ခြင်း အတွက် အခွန်ကင်းလွတ်ခွင့်မရှိစေရေး စည်ပင်သာယာရေးအဖွဲ့များနှင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ စာရင်းများရယူ၍ အခွန်စည်းကြပ်မှုဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးပြီး အခွန်စည်းကြပ် မှုများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

၃။      အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော  မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေးတင်ပြပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၄။      တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ် ()ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့်  အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း

၅။      ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() (ဥပဒေကြမ်း ကော်မတီဝင်)က  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကြမ်းကို အမျိုးသားလွှတ် တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။      ဒေါက်တာမြတ်ဉာဏစိုး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() (အတွင်းရေး မှူး၊ ဥပဒေကြမ်းကော်မတီ) က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားရှင်းလင်းပြီး   ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း

၇။      ဦးအောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ဥက္ကဋ္ဌက ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၈။      အစည်းအဝေးကို ၁၁၄၈ နာရီအချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်း အဝေးကို ၁၉--၂၀၁၈  ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

                                                                                အမျိုးသားလွှတ်တော်