Share this

အမျိုးသားလွှတ်တော်သို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ လာရောက်လေ့လာခြင်း

သတင်းနှင့် ပြန်ကြားရေး

 

နေပြည်တော်၊ စက်တင်ဘာ ၂၃

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခဒေါက်တာဒေါ်ချိုချိုဦး ခေါင်းဆောင် ကြီးကြပ်သူ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၃၅)ဦးတို့သည် (၂၃-၉-၂၀၂၆)ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ လာရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာ ဝတ်စုံဆင်ယင်ထားသည့်အရုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြကွက်တို့ကို လေ့လာကြည့်ရှုခဲ့ကြပါသည်။