တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး
ပထမနေ့ အစီအစဉ်
[ ၂၂ - ၉ - ၂၀၂၆ ] ( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။
၃။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၄။ အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။
၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။
၇။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ ပညာရေးဝန်ထမ်းများအား ရာထူးတိုး/ပြောင်းရွှေ့နေရာချထား ပေးရာတွင် ဝန်ထမ်းများ မူလနေရပ်ဒေသရှိ အခြေခံကျောင်းများ၌ ဦးစားပေး နေရာချထားရန် အစီအစဉ် ရှိ/မရှိ နှင့် ဆရာ/ဆရာမများ လစ်လပ်မှု များပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ/ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးစိုးကြည်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင် ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ သုခ(၃)လမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးလျက်ရှိသော မြေသားလမ်း (၈၂၀)ပေအား ကွန်ကရစ်လမ်းခင်းပေးရန်၊ ပြိုကျ ပျက်စီးနေပြီဖြစ်သော ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့် အသစ်ပြုလုပ်ရန် ကျန်ရှိသော ကျောင်းခြံစည်းရိုး အုတ်တံတိုင်း(၈၁၉)ပေအား ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊
( ဂ ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀x၃၀x၁၂)ပေရှိ အန္တရာယ်ရှိသော တစ်ထပ်(ငုဝါဆောင်)အား ဖျက်သိမ်း၍ (၁၄၀x၃၀)ပေ RCC (၃)ထပ် ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဃ) ဦးစိုးမင်းစမ်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာရှိ ကင်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ မြနန္ဒာကျောင်းဆောင်သည် သက်တမ်း(၂၉)နှစ်ရှိပြီး အလွန်ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်းကျောင်းဆောင်အား ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံးဘတ်ဂျက်တွင် ထည့်သွင်း ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း၊
(င) ဒေါ်ကျော့ယဉ်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ တစ်ထပ်ကျောင်းဆောင်(၂)ဆောင်နှင့် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် (၁)ဆောင်တို့မှာ ကျောင်းဥပဓိရုပ် မကောင်းတော့ဘဲ ယိုယွင်းပျက်စီး ဆွေးမြည့်နေပြီဖြစ်ပါသဖြင့် ဖျက်သိမ်းခွင့်ပြုရန်နှင့် ၎င်းနေရာများတွင် အစားထိုးလျက် (၁၇၀x၃၀x၂၅)ပေ RCC နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်နှင့် (၁၀၀x၃၀x၂၂)ပေ RCC နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်တို့အား ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊
( စ ) ဦးဇော်ဝင်းသန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ ကျောင်းသားလူငယ်များ မိုဘိုင်းဖုန်း အသုံးပြုမှု အန္တရာယ်မှ ကင်းရှင်းနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်နှင့်ပတ်သက်၍ အမိန့်နှင့် ညွှန်ကြားချက်များ တင်းတင်းကြပ်ကြပ် ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/မရှိ၊ ထုတ်ပြန် တားမြစ်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို တိကျသော ညွှန်ကြားချက်များ ချမှတ်ပေးထားခြင်း ရှိ/မရှိ နှင့် ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ် လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းတွင် ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကော်မတီများနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းများတွင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။