ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားလွှတ်တော်
ကြေညာချက်အမှတ် ( ၂ /၂၀၂၆ )
၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်
( ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် )
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နှင့် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ) တို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်) အင်္ဂါနေ့၊ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ) အောင်လင်းဒွေး
ဥက္ကဋ္ဌ