နေပြည်တော်၊ ဇူလိုင် ၂၇
အမျိုးသားလွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီသည် ဒီဂျစ်တယ်ဖွံ့ဖြိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(၂)ခုတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် (တနင်္လာနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-19) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီသည် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(၂)ခုတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်၊။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် အပါအဝင် အဆင့်မြင့်အရာထမ်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၂၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။