နေပြည်တော်၊ ဇူလိုင် ၂၄
အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီသည် (၂၄-၇-၂၀၂၆)ရက်၊ သောကြာနေ့၊ နေ့လယ်(၁၆:၁၅) နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရေးရာဆောင်အမှတ် (I-14) အပေါ်ထပ်၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ပညာရေးမြှင့်တင်မှုကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇေယျာထွန်း၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်၊ ဒေါက်တာချိုချိုမြတ်အောင်နှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၈:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။