နေပြည်တော်၊ ဇူလိုင် ၁၅
အမျိုးသားလွှတ်တော်၊ ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာကော်မတီသည် (၁၅-၇-၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ (၁၃:၀၀) နာရီအချိန်တွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15)၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဥပဒေအပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြေလျော့နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမိုးနှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။