Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီသည် အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၁၅

အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီသည် အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကို (၁၅-၇-၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ‌ရေးရာဆောင်အမှတ် (I-14) အပေါ်ထပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွှတ်‌တော်နှင့် အစိုးရယန္တရားအကြား အပြန်အလှန်နားလည်မှုရှိစေရန်၊ ကော်မတီ၏လုပ်ငန်းစဉ် ရည်ရွယ်ချက်များကို ရှင်းလင်းအသိပေးရန်နှင့် ရှေ့ဆက်လက်တွဲဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်လင်း၊ အတွင်းရေးမှူး ဒေါက်တာအမ်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၅၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။