Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့အစည်းအဝေးအကျဉ်းချုပ် (၁၈-၃-၂၀၂၆)

Wednesday, March 18, 2026 - 12:05
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပထမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်

(၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်)

[ ဗုဒ္ဓဟူးနေ့]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

သဘာပတိ တင်မြှောက်ခြင်း၊ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဒေါ်ဒွဲဘူကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာပြီး ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ (က)အရ လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၃။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)အရ သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၄။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃)ဦး ရှိပြီး (၂၁၃)ဦး တက်ရောက်ပါသည်။ ရာနှုန်းပြည့်ဦးရေတက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၁ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၇ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၅။ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးအောင်လင်းဒွေး ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဂျဲန်ဖန်နော်တောင် (ခ) ဦးနော်တောင် ကို ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက်ကြောင်း သဘာပတိက ကြေညာပြီး ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ အရ သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပါသည်။

၆။ အစည်းအဝေးကို ၁၁:၁၅ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့အစည်းအဝေးကျင်းပ မည့်နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်