Share this

အမျိုးသားလွှတ်တော်၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၂၇ ရက်

အမျိုသားလွှတ်တော်၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကို (၂၇-၇-၂၀၂၆) ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းဝေးတွင် ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် ဆောင်ရွက်နေသောလုပ်ငန်းများ၊ ဝန်ကြီးဌာနက စီမံခန့်ခွဲသော ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများအား သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူများမှ အသေးစိတ် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး မရှင်းလင်းသည်များနှင့် သိလိုသည်များအား ကိုယ်စားလှယ်များမှ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေမှူးချုပ် ဒေါက်တာဆန်းဦး၊ သက်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။