Share this

အမျိုးသားလွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီသည် ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင်လ ၃၀

အမျိုးသားလွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီသည် ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် (ကြာသပတေးနေ့) နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-19) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီသည် ပို့ဆောင်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်၊။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးငြိမ်းအေး၊ ဝန်ကြီးရုံးမှ ဒုတိယအတွင်းဝန် ဦးအောင်ရဲထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။