နေပြည်တော်၊ ဇူလိုင်လ ၂၄
အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် (၂၄-၇-၂၀၂၆) ရက်၊ သောကြာနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရေးရာဆောင်အမှတ်(I–18) အပေါ်ထပ်၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးချစ်ဝေ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။