Share this

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၂၃

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် (၂၃-၇-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ (၁၄:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရေးရာဆောင်အမှတ် (I–18) အပေါ်ထပ်၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လယ်ယာကဏ္ဍနှင့်သက်ဆိုင်သော ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးချစ်ဝေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း နှင့် အဆင့်မြင့်အရာထမ်းများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၈:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။