Share this

အမျိုးသားလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင်လ ၂၄

အမျိုးသားလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၄) ရက် (သောကြာနေ့)၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-16) အပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီမှလေ့လာစိစစ်ရမည့် ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်အောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြည်ထဲရေးဝန်ကြီးဌာနမှ ယာယီရဲမှူးချုပ် စိုးလင်းအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီသီမြင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။