နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၈ ခုနှစ်၊ လ ရက်
(၂၀၁၆ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၈ ပါ ]] အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ }} ဆိုသည့် စကားရပ်ကို ]] လုပ်သက်နှစ် ၃၀ ပြည့်သောအခါ }} ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -
]] ၆၂။ ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင် ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းပယ်ခြင်း မပြုရ။ }}
---------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်