Share this

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Wednesday, November 16, 2016 - 15:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတတိယပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်      ။)

၁၃၇၈ ခုနှစ်၊                     လ            ရက်

(၂၀၁၆ ခုနှစ်၊             လ            ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

 

၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၈ ပါ ]] အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ }} ဆိုသည့် စကားရပ်ကို ]] လုပ်သက်နှစ် ၃၀ ပြည့်သောအခါ }} ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။ 

 

၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

]] ၆၂။    ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင် ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းပယ်ခြင်း မပြုရ။ }}

 

---------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 (ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်