၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃.၇.၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင် အမှတ်(I-20)တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြပါသည်။
အဆိုပါအစည်းအဝေးသို့ စီမံကိန်းလုပ်ငန်းများနှင့်ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။