Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီအဖွဲ့ဝင်များအား  မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ မှ  (၁၃.၈.၂၀၁၈) ရက်၊ တနင်္လာနေ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးချိန်တွင် နေပြည်တော်၊ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) ကော်မတီအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီမှ “ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေး” နှင့်စပ်လျဉ်း၍ သိလိုသည်များကို တွေ့ဆုံဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဦးအေးမင်းဟန်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဒေါ်အိအိပြုံး၊ ဦးညီစိန်၊ ဗိုလ်မှူးကြီးအောင်လွင်၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။