Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား မေ့စွမ်းရည် (Women Can Do It -WCDI) အဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား မေ့စွမ်းရည် (Women Can Do It -WCDI)  အဖွဲ့က (၃၀.၅.၂၀၁၈)ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးပြီးချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) ကော်မတီအစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင်  မေ့စွမ်းရည် (Women Can Do It - WCDI) အဖွဲ့မှ “အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ” နှင့်ပတ်သက်၍ အကြံဉာဏ် ရယူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်ခင်ဆွေလွင်၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဒေါ်အိအိပြုံး ၊ ဗိုလ်မှူးကြီးအောင်လွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြပါသည်။