အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအား Office of the United Nations High Commissioner for Human Rights မှ Senior Human Rights Officer ဖြစ်သူ Ms. Heike Alefsen ဦးဆောင်သောအဖွဲ့သည် (၂၈-၂-၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီမှ (၁၄၀၀) နာရီအထိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏လုပ်ငန်းတာဝန်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ ရောက်ရှိလာသည့်တိုင်ကြားစာများအား ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်တွင်းလူမှုအထောက်အကူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဒေါက်တာဌေးကြွယ်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။