Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား ILO မှ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီအဖွဲ့ဝင်များအား ILO ၏ Ms. Kimberly Beth Rogovin (International Consultant)နှင့် ဒေါ်အိမွန်ဝင်း (Monitoring and Evaluation Officer) တို့က (၆.၆.၂၀၁၈) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်  (၀၈၃၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) ကော်မတီအစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ILO မှ “ လုပ်သားရွှေ့ပြောင်းသွားလာခြင်း၊ ကျား/မ တန်းတူညီမျှခြင်းနှင့် အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း” စာတမ်းကို ရေးသားပြုစုရန်အတွက်  တွေ့ဆုံဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းမြင့်ချစ်၊ ဒေါ်အိအိပြုံး ၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။