Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ် ရေးထိုးထားသော INGOs အဖွဲ့အစည်းများနှင့် အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ် ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးကို (၂၀.၂.၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ နှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်နှင့်တာဝန်ရှိသူများ၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကိုကိုသော်၊ INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။