အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်လတ်နှင့်ကော်မတီဝင်များသည် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အား (၁.၈.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-20)အပေါ်ထပ်ရှိ လွှတ်တော်အခွင့်အရေးကော်မတီအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။