အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ပထမအတွင်းဝန်ဖြစ်သူ Ms. Amy Roth ဦးဆောင်သော အဖွဲ့က (၁၄.၁၁.၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမားများနှင့်သက်ဆိုင်သောဥပဒေများ ပြန်လည်ပြုပြင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဥက္ကာမင်းနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာခင်မကြီး၊ ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။