အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများဖြစ်ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCC)၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(CTUM)နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၀.၂.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-15)အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် “အိမ်အကူအလုပ်သမားဆိုင်ရာ ဥပဒေမူကြမ်း” နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။