အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၅-၂-၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေးကြေးကောက်ခံမှု၊ သုံးစွဲမှု၊ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။