အမျိုးသားလွှတ်တော်၊ မြန်မာ-တရုတ်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့်အဖွဲ့ဝင်များအား တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ရှန်းယန်မြို့တော်ဝန် Mr.Qie Yingcai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က (၃၀.၇.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ J ဆောင်၊ Talk Room ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် အသင်းအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။