အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖိတ်ကြား၍ “မြန်မာနိုင်ငံအာမခံအသင်း Myanmar Insurance Association (MIA) ဖွဲ့စည်းခြင်း” နှင့်စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆.၇.၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီတွင် ရေးရာဆောင်အမှတ် (I-15) ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ စောသန်းထွဋ်၊ အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်နှင့်အတူ ကော်မတီဝင်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် ညွှန်ကြားရေးမှူး ဒေါ်နီလာမူတို့ တက်ရောက်ခဲ့ကြပြီး “မြန်မာနိုင်ငံအာမခံအသင်း Myanmar Insurance Association (MIA) ဖွဲ့စည်းခြင်း” နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။