အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှ Associate Professor, Dr.Renaud Egreteau တို့၏ တွေ့ဆုံပွဲကို ရေးရာဆောင်အမှတ်(I-15) အပေါ်ထပ်၊ အစည်းအဝေးခန်းမ၌ ၁.၁၁.၂၀၁၉ ရက် (သောကြာနေ့)၊ နေ့လယ်(၁၃၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဥပဒေပြုလုပ်ငန်းစဉ်များ၌ ဆောင်ရွက်နေသည့် လွှတ်တော်၏ အခန်းကဏ္ဍတို့ကို သုတေသနပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်းကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားကို (၁၃၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။