Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် SHWEBO စီမံချက်တွင် အစီအစဉ်မန်နေဂျာအဖြစ် လာရောက်တာဝန်ထမ်းဆောင်မည့် Mr.Motoki Hayakawa တို့တွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဝင်များနှင့် ကော်မတီဝန်ထမ်းများကို SHWEBO စီမံချက်တွင် အစီအစဉ်မန်နေဂျာအဖြစ် လာရောက်တာဝန်ထမ်းဆောင်မည့် Mr.Motoki Hayakawa တို့သည် (၂၉-၁-၂၀၂၀)ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးစီးချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင်  လွှတ်တော်၏ ဘတ်ဂျက်စိစစ်ရေးကဏ္ဍထိရောက်ရေး ထောက်ပံ့မှုစီမံချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီဝန်ထမ်းများ တက်ရောက်ကြပါသည်။