အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၁.၂.၂၀၂၀)ရက်နေ့ (၁၁:၂၀)နာရီအချိန် တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက အမေရိကန်သမ္မတထရမ့်အား စွဲချက် တင်ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကော်မတီဝင်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၂:၁၅)နာရီအချိန်တွင် ရုပ်သိမ်းပါသည်။